ရပ်စောက် ဇွန် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၁)ရပ်စောက်ကျောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ ကျင်းပရာတွင် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့် ကျောင်းသား၊ကျောင်းသူ(၁၅)ဦး၊ အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲကို ရှောင်လေဝေးဝေး မူးယစ်ဆေးခေါင်းစဉ်ဖြင့် ကျောင်းသား၊ကျောင်းသူ(၁၇)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲသို့ ရပ်စောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဆုမွန်(ပြန်/ဆက်)