ဇေယျာသီရိမြို့နယ်၌ စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေး စားသုံးဆီရောင်းချသည့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ဇေယျာသီရိ ဇွန် ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ စားသုံးဆီရောင်းချသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စားသုံးဆီကြီးကြပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့်ကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်တာဝန်ခံ ရုံးအုပ်ဦးဝင်းသွင်နှင့် တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ်အတွင်းရှိ စားသုံးဆီရောင်းချသည့်ဆိုင်များအား စားသုံးဆီများ သတ်မှတ်အရည်အသွေးပြည့်မီစေရေး၊ စားသုံးသူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ပြည်သူများ ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသုံးဆီရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိပါက ဖော်ထုတ်အရေးယူခြင်းနှင့် အရေးယူဆောင်ရွက်သွားမည့် အရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)