လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အာရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ပညာသင်ထောက်ပံ့ငွေများ ပေးအပ်

မိုင်းယန်း ဇွန် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အာရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ပညာသင်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၅ နာရီခွဲက ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးကျောင်းတိုက်၌  ပြုလုပ်သည်။

ရှေးဦးစွာ မိုင်းယန်းခရိုင်/ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြင့်ကျော်နှင့်ဝန်ထမ်းများမှ သံဃာတော်များအား အာရုဏ်ဆွမ်းကပ်လှူသည်။ ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒဓဇ “သာသနတက္ကသီဓမ္မာစရိယ၊ သဒ္ဒမ္မဇောတိကဓဇ”ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ တရားတော်ကို နာယူဆောက်တည်ခဲ့ကြပြီး အလှူငွေဝတ္ထုနှင့် လှူဒါန်းဖွယ်ရာဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချအမျှအတန်းပေးဝေ ဆုတောင်းခဲ့ကြောင်းသိရသည်။

ထို့နောက်  ထေရဝါဒဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးကျောင်းတိုက် သံဃာတော်ဆွမ်းစားဆောင်ဆောက်လုပ်ရေးအတွက် အလှူငွေများလှူဒါန်းခြင်းနှင့် ဝန်ထမ်းသားသမီးများအား ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး