နောင်ချို ဇွန် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက အသိပညာပေးဆွေးနွေးပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကြောင်းနှင့် စာပေဖတ်ရှုရာတွင် စာအုပ်စာပေကောင်းများရွေးချယ်၍ နည်းစနစ်ကျစွာ ဖတ်ရှုတတ်ရမည့် အကြောင်းများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဆွေးနွေးပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ ဆွေးနွေးပွဲသို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ဆရာမများ၊ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွေးငယ်၊ ပြန်/ဆက်