မြန်အောင် ဇွန် ၁၄
၂၀၂၄ ခုနှစ် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့နယ် ဆပ်ပြာကျင်းကျေးရွာ Gold Sport Land Futsal ကစားကွင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင်မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာ စကားပြောကြားပြီး မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ် ပြိုင်ပွဲဝင်အသင်းများက စစ်ကြောင်းမှူးမှ ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အလေးပြုပြီး အားကစားသစ္စာဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။
၂၀၂၄ ခုနှစ် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မြန်အောင်မြို့နယ် ဖူဆယ်ဘောလုံးအသင်းနှင့် ကြံခင်းမြို့နယ်ဖူဆယ်ဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်အောင်/ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီး အကဲများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။
ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကြံခင်းမြို့နယ်အသင်းနှင့် အင်္ဂပူမြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ အင်္ဂပူမြို့နယ်အသင်းက ကြံခင်းမြို့နယ်အသင်းကို ၇ ဂိုး ၆ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
၂၀၂၄ ခုနှစ် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဆုပေးပွဲကျင်းပပြုလုပ်ရာ ပထမဆုရရှိသော အင်္ဂပူ၊ဒုတိယဆု ရရှိသော ကြံခင်းနှင့်တတိယဆုရရှိသော မြန်အောင်မြို့နယ် ဖူဆယ်ဘောလုံးအသင်းတို့အား မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များက ဆုများပေးအပ်ခဲ့ချီးမြှင့် ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်