မိုးနဲမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းကောင်စီ ကတိသစ္စာခံယူ

မိုးနဲ    ဇွန်   ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီက ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

ဦးစွာ အ.ထ.က(မိုးနဲ) ကျောင်းသား/သူများက ကျောင်းကောင်စီ‌တေးသီချင်းကို သံပြိုင်သီဆို၍ ကတိသစ္စာခံယူပွဲကိုဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေးနှင့် ဒုတိယဥက္ကဋ္ဌ ဆရာဦးကျော်စိုးမိုးစိန်တို့က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် အမှုဆောင်အဖွဲ့အမည် စာရင်းများဖတ်ကြားကာ ကျောင်းကောင်စီ အမှုဆောင်အဖွဲ့နှင့်ကျောင်းသား/သူများအားလုံးက ကတိသစ္စာ ခံယူခဲ့ကြပြီး ကျောင်းကောင်စီဥက္ကဋ္ဌက ကျောင်းကောင်စီတာဝန် အထိမ်းအမှတ် အလံများပေးအပ်ရာ အသင်းလိုက်အဖွဲ့ခေါင်းဆောင်များက လက်ခံရယူခြင်းများဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)