မြစ်ကြီးနား ဇွန် ၁၅
ကချင်ပြည်နယ်အတွင်း ရာသီဥတုပြောင်းလဲမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သစ်တောသယံ ဇာတများ ရေရှည်တည်တံ့စေရေး၊ လမ်းဘေး ဝဲ/ယာစိမ်းလန်းစိုပြည်ရေးနှင့် အရိပ်ရလေကာတန်း ဖြစ်စေရေး၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများတွင် အများပြည်သူပိုမို ပူးပေါင်းပါဝင်လာစေရေးအတွက် ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ ဇခုန်လမ်းဘေးဝဲ/ယာတစ်လျှောက်၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ သစ်တောဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ အား/ကာသိပ္ပံကျောင်း၊ ကွန်ပျူတာတက္ကသိုလ် အစရှိသည့် ဌာန ဆိုင်ရာများ မြေနေရာရာများ လျာထားသတ်မှတ်ထားသည့် ကွက်သစ်သွားလမ်းတစ်ခုဖြစ်သည့် ဇခုန် လမ်းဘေးဝဲ/ယာတစ်လျှောက်တို့တွင် အရိပ်ရလေကာပင်ကြီးများဖြစ်သည့် ပျဉ်းကတိုး (၄၆၃)ပင်၊ မယ်ဇလီ (၅၆၅)ပင် စုစုပေါင်းပျိုးပင်ပေါင်း (၁၀၂၈)ပင်ကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ထို့နောက် အဆိုပါ မြေဧရိယာအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများအတွက် မြေနေရာများ သတ်မှတ် လျာထားပေးခဲ့မှုအပေါ် ခြံစည်းရိုးကာရံခြင်းနှင့် ခြံဝင်းအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနပိုင် ဘိုးဘွားရိပ်သာ မြေနေရာ လျာထား သတ်မှတ်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေအိုက် (ရွှေပြည်သာရပ်ကွက်) အတွင်း ရွှေပြည်သာ-အားဆာကျေးရွာသွား ကားလမ်းဘေးရှိ မြေဧရိယာ (၈)ဧကပေါ်တွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့တွင်းကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှုမရှိစေရေးနှင့် ယာဉ် ကြောပိတ်စို့မှု၊ ယာဉ်အန္တရာယ်ကင်းဝေးရေးအတွက် ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်းသစ်တည် ဆောက်နိုင်ရေး မြေနေရာပြုပြင်ဆောင်ရွက်နေမှု အခြေအနေများ၊ ကုန်တင်ယာဉ်ရပ်နားစခန်း အတွင်း တည်ဆောက်သွားမည့် အဆောက်အအုံများ၊ အရှည် ၂၈၉၀ ပေရှိ ခြံစည်းရိုးအား ချိန်းလင့် ကာရံသွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မြေဧရိယာအား ရှင်းလင်း၍ သဲကျောက်ခင်းကျင်း ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါရပ်ကွက်အတွင်း ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီး ဌာနက ပမ္မတီးအနောက်မြောက် (ရွှေပြည်သာကွင်း) အတွင်းရှိ လယ်ယာဥယျာဉ်ခြံများနှင့် ငါးမွေးမြူ ရေးကန် ဧရိယာများအတွင်း မိုးရာသီတွင် ရေလျှံမှုနှင့် ရေကြီးနှစ်မြုပ်မှုကြောင့် ပြည်နယ် အစိုးရအဖွဲ့ ၏ ရန်ပုံငွေဖြင့် မူလတူးဖော်ထားသည့် ရေနှုတ်မြောင်း အရှည်ပေ (၃၅၀၀)အား ပြန်လည်ပြုပြင် တူးဖော်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နောင်နန်းကျေးရွာအုပ်စု၊ (၈)မိုင်ကျေးရွာသို့ သွားရောက်ခဲ့ကြပြီး အဆိုပါကျေးရွာအတွင်းရှိ အေဂျီအသင်းတော်ဘုရားရှိခိုးကျောင်း၌ နယ်မြေ မတည်ငြိမ်မှုဖြစ်စဉ်များကြောင့် လာရောက်တိမ်းရှောင်ခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စုများ နှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါအသင်းတော်ပိုင်မြေနေရာများတွင် ယာယီခိုလှုံ နေထိုင် လျက်ရှိသော အိမ်ထောင်စု (၉၉)စု၊ လူဦးရေ (၅၄၆)ဦးတို့အတွက် အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည် ငွေကျပ် ၇၄၂၅၀၀၀ တန်ဖိုးရှိ ဆန်အိတ် ပေါင်း ၉၉ အိတ်၊ ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် ငွေကျပ် ၁၅၈၄၀၀၀ တန်ဖိုးရှိ ခေါက်ဆွဲ ခြောက်ဖာ ၉၉ ဖာတို့နှင့် ပြည်နယ်ပညာရေးမှူးရုံးနှင့် အလှူရှင်များက ထောက်ပံ့သည့် ကျောင်းသုံး ဗလာစာအုပ်နှင့် စာရေးကိရိယာများအား ထောက်ပံ့ပေးအပ်သည်။
ထို့နောက် စခန်းတာဝန်ခံက အိမ်ထောင်စုများ ယာယီနေအိမ်တန်းလျားများ ဆောက်လုပ်ရာ တွင် လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအတွက် လိုအပ်သည့် ရေအိမ်သာများ၊ သောက်သုံးရေလိုအပ်လျက်များကို အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ယာယီနေအိမ်တန်းလျားများ တည် ဆောက်နိုင်ရေးအတွက် လိုအပ်သည့် ဝါးများ ဝယ်ယူနိုင်ရေး ငွေကျပ် ၂၅ သိန်းကို ထောက်ပံ့ပေးအပ် ခဲ့ကာ အိမ်ထောင်စုများ၏ ယာယီနေအိမ်အဆောက်အအုံများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြ ပြီး နေအိမ်ပတ်ဝန်းကျင်အတွင်း သဲကျောက်ခင်းပေးနိုင်ရေး၊ ရေစင်ဝယ်ယူဖြည့်တင်းပေးနိုင်ရေး ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်