၂၀၂၄ ခုနှစ်၊လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် လူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူ

မြောင်းမြ    ဇွန်    ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ​မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင်၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် လူထုအသိပညာပေးဆိုင်း ဘုတ်စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီက မြောင်းမြမြို့အမှတ်(၆)ရပ်ကွက်၊ ဦးဘချိုလမ်း၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေးဆိုင်းဘုတ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးစန်းဌေး၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီးထက်အောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးသောင်းထိုက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လူထုအသိပညာပေးဆိုင်းဘုတ်အား အမွှေးနံသာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် ခရိုင်ဥက္ကဋ္ဌ ဦးစန်းဌေး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူးဦးခင်မောင်မြင့်၊ မြို့နယ်ဥက္ကဋ္ဌဦး​နော်မိုင်လှကြည်နှင့် တာဝန်ရှိသူများကသန်းခေါင်စာရင်းကောက်ယူခြင်း လှုံ့ဆော်ရေး နံရံကပ်ပိုစတာများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 ထက်(ဧရာဝတီ)