ညောင်လေးပင် ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဓမ္မစကူးလ်ပညာသင်နှင့် ဓမ္မစကူးလ်အပတ်စဉ် ဗုဒ္ဓဘာသာသင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စုံညီအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင် ထော်နွတ်ကျေးရွာ ဗောဓိသစ္စာဓမ္မစကူးလ်သင်တန်းကျောင်း အစည်းအဝေးခမ်းမတွင် ကျင်းပကြောင်း သိရသည်။
ရှေ့ဦးစွာ အခမ်းအနားတွင် နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ တိုင်းဓမ္မစကူးလ်ဥက္ကဋ္ဌ ဒိုက်ဦးမြို့ ဇမ္ဗူရတနာကျောင်းဆရာတော် ဘဒ္ဒန္တပညာဝံသမှ သြဝါဒကထာချီးမြှင့်တော်မူပြီ၊ ဗောဓိဓမ္မစကူးလ်ဒု-ဥက္ကဋ္ဌ ပြွန်တန်ဆာမြို့ မဇ္စိုမာရုံကျောင်း ဆရာတော်ဘဒ္ဒန္တအာဒိစ္စဝံသတို့မှ ဩဝါဒကထာများ ချီးမြှင့်တော်မူကြသည်။
ထို့နောက် ညောင်လေးပင်မြို့နယ် ဗောဓိသစ္စာဓမ္မစကူးလ်ဥက္ကဋ္ဌ ထော်နွတ်ဆရာတော်ဘဒ္ဒန္တဣန္ဒာဝုဓမှ အမှာစကားပြောကြာပြီး၊ ညောင်လေးပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၂)ဦးလှမြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၂) ဦးဇော်မင်းယုတို့မှ အမှာစကားအသီးသီး ပြောကြားကြသည်။
ယင်းနောက် ကြွရောက်လာကြသည့် မြို့နယ်ဓမ္မစကူးလ်ကော်မတီ၀င်များ၊ ဓမ္မစကူးလ်ကျောင်းအသီးသီးမှတာ၀န်ရှိသူများ ညောင်လေးပင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဓမ္မစကူးလ်ပညာသင်နှစ် ဓမ္မစကူးလ်အပတ်စဉ် ဗုဒ္ဓဘာသာသင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သတ်၍ အကြံပြုဆွေးနွေးအတည်ပြုကြသည်။ ထို့နောက် အစည်းအဝေးကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်