ငွေဆောင် ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ခြင်၊ ပိုးလောက်လမ်းများ ရှင်သန်ပေါက်ဖွားမှုကို ဟန့်တားစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်ရန် ရည်ရွယ်ကာ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ တစ်အိမ်တက်/ဆင်း အဘိတ်(Abate) ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း လုပ်ငန်းများအား ယမန်နေ့ နေ့လယ် (၁၅) နာရီက အမှတ် (၁) ရပ်ကွက်၊ အဏ္ဏဝါရပ်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းအား ငွေဆောင်မြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွားဆရာမ (Midwife) ငွေဆောင်(S/C) ဒေါ်ခင်မိမိလှိုင်နှင့် ကျန်းမာရေးကြီးကြပ် (၂) ဒေါ်နော်အယ်ဂေးဝါးတို့မှ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းကာ အမှတ် (၁) ရပ်ကွက်အတွင်း တစ်အိမ် တက်/ဆင်း ကွင်းဆင်း၍ ရေလဲလှယ် ရခက်ခဲသော ရေတွင်း၊ ရေကန်များကို အဘိတ် (Abate) ဆေးခတ်ခြင်း၊ ပိုးလောက်လမ်းများ ပေါက်ဖွားနေသော ရေပုံးများ၊ ရေကန်များနှင့် တာယာကွင်းများအား ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။
R – 014( ငွေဆောင်)