ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပဲမျိုးစုံ ဧက (၁၆၀၀၀) ကျော် စိုက်ပျိုးရန်လျာထား

ကျွန်းလှ ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ဧက (၁၆၀၀၀) ကျော်စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ပဲမျိုးစိုက်ပျိုးမည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့်များ ရရှိရေးဆောင်ရွက်ပေးခြင်း၊ ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး လက်တွေ့ပြသခြင်းနှင့် ပိုးမွှားရောဂါ ကာကွယ်ရေးနည်းလမ်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပဲမျိုးစုံစိုက်ပျိုးဖို့ (၁၆၉၅၃) ဧကလျာထားပါတယ်။ တောင်သူတွေ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးကြပြီး ဇွန်လမှာ စတင်စိုက်ပျိုးနေကြပါတယ်။ သီးထပ် သီးညှပ်စိုက်ပျိုးကြဖို့ ဆွေးနွေးလျက်ရှိပါတယ်။ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးသွားမှာပါ” ဟု ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ပျိုးရန် လျာထားမှုအနေဖြင့် ပဲတီစိမ်း (၅၄၁၂) ဧက၊ ပဲစင်းငုံ (၁၁၅၄၁) ဧက၊ စုစုပေါင်း ‌(၁‌၆၉၅၃) ဧက လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ