ဒိုက်ဦး ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ဇွန်လ(၁၅)ရက်နေ့က အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ(၂၀၀)ကျော်အား အခမဲ့ကုသပေးခဲ့သည်။
အဆိုပါ ဆေးခန်းကို အပတ်စဥ်စနေနေ့တိုင်းဖွင့်လှစ်ပြီး မျက်စိရောဂါ၊ အသည်းရောဂါ၊ မီးယပ်သားဖွားရောဂါ၊ နှလုံးရောဂါ၊ သွားရောဂါ၊ အရိုးအကြောရောဂါ၊ ကျောက်ကပ်ရောဂါနှင့် ဆီးလမ်းကြောင်းရောဂါစသည့် အထူးကုဆရာဝန်များကလည်း တစ်လလျှင်တစ်ကြိမ်လာရောက်၍ မေတ္တာဖြင့်ကုသပေးကြပြီး အသည်းကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသောသူများအား ဆေးထိုးပေးခြင်း၊ ဆေးဝါးများလည်းအခမဲ့ပေးလှူပြီး အသည်းရောဂါကာကွယ်ရေးအတွက်ယနေ့မှစ၍ အပတ်စဥ် အသည်းရောင်အသားဝါ ဘီပိုးရှိမရှိစစ်ဆေးပေးမည်ဖြစ်ပြီး ပိုးမရှိသူများအား ဘီပိုးကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်ဖြစ်ပါကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)