မိုင်းခတ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ပိုးလောက်‌လမ်းသေ အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်

မိုင်းခတ် ဇွန် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ မိုးရာသီကာလတွင် ခြင်ကိုက်ခြင်းမှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ပိုးလောက်လမ်းသေအဘိတ်ဆေးခတ်ခြင်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၇)နာရီအချိန်က မိုင်းခတ်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်နန်းပျမ်းမုန့်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များက အမှတ်(၁)ရပ်ကွက်အတွင်းရှိ ရေလှောင်ကန်များ၊ ရေတွင်းများ၊ ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများနှင့် ခြင်ပေါက်ဖွားနိုင်သောနေရာများကို လိုက်လံစစ်ဆေးခဲ့ပြီး ပိုးလောက်လမ်းသေ(Abate) ဆေးများခတ်ကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှထုတ်ဝေသည့် သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေးအားလုံးပါဝင်ဆောင်ရွက်ပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)