ဖြူးမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက်  မိုးရာသီ သစ်ပင်စိုက်ပျိုးမှုများ စတင်

ဖြူး  ဇွန်  ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေးအတွက်၂၀၂၄ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးနိုင်ရေးပျိုးပင်ပေါင်း (၃၅၆၀၀၀) ကျော်ပျိုးထောင်ထားရှိရာ ယနေ့နံနက်(၈)နာရီအချိန်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအနီး ဖြူးချောင်းရေအားလျှပ်စစ်ဝန်းအတွင်းတွင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအနေဖြင့် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖြူးမြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးသိန်းသန်းစိုးကရတနာတန်းဝင် ပျိုးပင်ပေါက်များကို လွှဲပြောင်းပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒေဝီမေတို့က လက်ခံရယူပေးခဲ့ကြသည်။

ဆက်လက်၍ ကျွန်းပျိုးပင်(၂၀၀)ပင်၊ ပျဉ်းကတိုးပျိုးပင်(၅၀)ပင်၊ ပိတောက်ပျိုးပင်(၅၀)ပင်၊ မန်ဂျန်ရှားပျိုးပင်(၅၀)ပင်၊ ယမနေပျိုးပင်(၅၀)ပင်၊ စုစုပေါင်းပျိုးပင်(၄၀၀)ပင်ကို ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖြူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်သစ်တောဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများမှ တက်ရောက် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)