သန်လျင်မြို့နယ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန် ဇွန် ၁၇

သန်လျင်ခရိုင် သန်လျင်မြို့နယ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၆:၃၀) နာရီတွင် သန်လျင်တံတားအဆင်း ကျိုက်ခေါက်ဘုရားလမ်းကြီးဘေး၌ ကျင်းပသည်။

စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်း၊ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအောင်ကျော်စိုးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင့်နိုင်နှင့် ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီးတွင် မဟော်ဂနီပျိုးပင်(၂၂၀)ကို စိုက်ပျိုးပေးကြသည်။

သန်လျင်မြို့နယ်အတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို အပတ်စဥ်သတ်မှတ်နေရာများ၌ ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးသီဟ(ခရိုင်၊ ပြန်/ဆက်)