ဖျာပုံမြို့၌ "ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးနေ့" မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဖျာပုံ ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများဦးဆောင်၍ "ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးနေ့" မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ (၁၇)ရက်နေ့ နံနက် (၇)နာရီအချိန်က ဖျာပုံမြို့ အထက (၁)ကျောင်း ဘောလုံးကွင်းအတွင်း ပြုလုပ်သည်။

အဆိုပါ "ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးနေ့" မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပရာ တွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်ထံသို့ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇံရွှေက ပျိုးပင်များ အား ပေးအပ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌထံ ပျိုးပင်များပေးအပ်ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇံရွှေနှင့် ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများမှ မန်ဂျန်ရှား၊ ပျဥ်ကတိုး၊ မလ်ဇလီ၊ ယမနေ၊ စိန်ပန်း၊ ခရေ၊ မဟော်ဂနီ စုစုပေါင်း ပျိုးပင် (၅၀၀)ကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)