ကျိုက်လတ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲများပြုလုပ်

ကျိုက်လတ် ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲ များကို ယနေ့ နံနက်(၁၀)နာရီက သာယာဝဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများ၊ မူးယစ်ဆေးဝါးသုံးစွဲမှု၏ ဆိုးကျိုးများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းက စားသုံးသူအခွင့်အရေးအကြောင်း၊ လူသုံးကုန်ပစ္စည်း များနှင့် ပတ်သက်၍ အာမခံကိစ္စများ၊ စားသောက်ကုန်များနှင့်ပတ်သက်၍ ဆိုးဆေးများ၊ တာရှည်ခံ ဆေးများ၏ ဆိုးကျိုးများ၊ သက်တမ်းလွန် စားသောက်ကုန်များ၏ အန္တရာယ်များအကြောင်းတို့ကို သရုပ်ပြဟောပြောခဲ့ကြသည်။

ထို့နောက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး၊ လူကုန်ကူးမှုအကြောင်းနှင့် မူးယစ် ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါ “လူငယ်အသိပညာပေး ဟောပြောပွဲ” သို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

လှိုင်မင်းအောင်