လဲချား ဇွန် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေး၍ အခြေခံကျောင်းများရှိ အသက်(၅)နှစ်မှ (၇)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးခြင်းဖြစ်ပြီး ဆရာ၊ ဆရာမများနှင့် ကလေးမိဘများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
လဲချား (မြို့နယ်ပြန်/ဆက်)