သရက် ဇွန် ၁၉
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ သရက်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးရှိ တပ်ဖွဲ့ဝင်/စာရေး ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီက သရက်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်နိုင်နှင့် ဇနီး ဒေါ်တင်တင်မိုးတို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်စရိတ်အဖြစ် တက္ကသိုလ်အဆင့် ကျောင်းသား/ ကျောင်းသူ(၂)ဦး၊ အထက်တန်းဆင့်(၇)ဦး၊ အလယ်တန်းဆင့်(၄)ဦး၊ မူလတန်းဆင့်(၇)ဦး ကျောင်းသား/ ကျောင်းသူ(၂၀)ဦးတို့အား ငွေသားနှင့်ကျောင်းသုံးစာရေး ကိရိယာပစ္စည်းများကို ထောက်ပံ့ပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ လက်ခံပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)