ရွှေတောင် ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ယမန့်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် ဒေသခံတောင်သူများနှင့် မြေပြင်ကွင်းဆင်း၍တွေ့ဆုံ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဒေသခံတောင်သူများနှင့် မြေပြင်ကွင်းဆင်း၍တွေ့ဆုံရာတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေးကြီးကြပ်မှုကော်မတီ၊ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးအာင်တို့မှ ရွှေတောင်မြို့နယ်၊ မယားမာန်ကျေးရွာအုပ်စု၊ မြေနီဝထန်းကုန်းကျေးရွာ၊ ကျောက်မြင့်ကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာ၊ နွားခြံကုန်းကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာ၊ ကျီးသဲကျေးရွာအုပ်စု၊ တောင်ငူကုန်းကျေးရွာတို့တွင် မိုးစပါးစိုက်ပျိုးသည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သက်တမ်းတို အထွက်ကောင်းမျိုး စိုက်ပျိုးနိုင်ရေး ၊ပျိုးထောင်စနစ်၊ ကောက်စိုက်စက်များ၊ အစေ့ချကိရိယာများ အသုံးပြုစိုက်ပျိုးရေးနှင့် ကြဲခင်းများ လုံးဝ (လုံးဝ) မပြုလုပ်ရန်၊ မိုးဆီထွက်သီးနှံ (မြေပဲ) စိုက်ဧကများတွင် ပဲစဥ်းငုံသီးညှပ်စိုက်ပျိုးရေး၊ ပဲစဥ်းငုံ သီးသန့်စိုက်ပျိုးဧကများ တိုးချဲ့စိုက်ပျိုးရေးတို့အား ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်၊ “ရွှေသူရ” ကုမ္ပဏီမှ အကောင်ထည်ဆောင်ရွက်လျက်ရှိသည့် ကျီးသဲ-သရက်သုံးပင်လမ်း မြေသားတာဘောင်တင်ခြင်းနှင့် မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းစတင်ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ရွှေတောင် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီ အနေဖြင့် မိမိမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများ လျာထားဧက ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး၊ (၁)သီးစိုက်ဧကများမှ (၂) သီးစိုက်ဧကများသို့ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း၍ ဒေသခံပြည်သူများအား သက်ဆိုင်ရာဌာနများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းပေါင်းစပ်တွန်းအားပေး ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန် / ဆက်)