စလင်းမြို့နယ် မကျီးပင်ပု​ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

စလင်း ဇွန် ၁၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မကျီးပင်ပုကျေးရွာအုပ်စု အခြေခံပညာမူလတန်းလွန်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ ချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  ဦးစီးအရာရှိ  ဦးစောလွင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရန်/ရှောင်ရန်အချက်များ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝတောမီးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့် ရေဘေး၊ မုန်တိုင်းဘေး၊ လေပြင်းဘေး၊ ငလျင်ဘေး၊ စသည့် သဘာဝဘေးအန္တရာယ်များအတွက်  ကြိုတင်ပြင်ဆင်ချက်များ သတိပြုလိုက်နာဆောင်ရွက်ရန်အချက်များနှင့်  ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန်အချက်များအား ကျောင်းသား/ကျောင်းသူကလေးငယ်များ သိရှိစေရန်အတွက် ကျယ်ကျယ်ပြန့်ပြန့်  ရှင်းလင်းဟောပြောခဲ့ကာ အသိပညာပေးလက်ကမ်းစာစောင်များကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများကဖြန့်ဝေခဲ့ပြီး အဆိုပါအသိပညာပေးဟောပြောပွဲအခမ်းအနားသို့  ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

မောင်လွင်(စလင်း)