ရေတာရှည်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်စျေးနှုန်း တည်ငြိမ်ရောင်းချမှုရှိစေရေး  လိုက်လံစစ်ဆေး

ရေတာရှည် ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်စျေးနှုန်းများ တည်ငြိမ်​ရောင်းချမှုရှိစေရေးအတွက် လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ရေတာရှည်မြို့မစျေးအတွင်း ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ ကွင်းဆင်းကာ လိုက်လံစစ်ဆေးမှုများပြုလုပ်သည်။

ထိုသို့စစ်ဆေးရာ  အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ အသား ၊ ငါး ၊ ဥ ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်များ၊  သစ်သီးဝလံများကို ထိုက်သင့်သည့် စျေးနှုန်းတစ်ခု သတ်မှတ်၍ ရောင်းချပေးလျက်ရှိရာ ကုန်စိမ်း သား/ငါးစျေးအတွင်း ရောင်းချနေသည့် စျေးသူ၊ စျေးသားများ အနေဖြင့် အခြေခံစားသောက်ကုန်များကို သက်ဆိုင်ရာ ကုန်စျေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ သတ်မှတ်ထားသည့် စျေးနှုန်းထက် ပိုမိုမြှင့်တင်ရောင်းချခြင်း၊ အလေးချိန်၊ အရည်အသွေး ပြည့်ဝစွာ ရောင်းချခြင်းမရှိသည်ကို တွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတိပေးခြင်းများ၊ တိုက်တွန်းနှိုးဆော်မှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)