ဒိုက်ဦးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာ‌ပေး လက်ကမ်းစာစောင် ဖြန့်ဝေ

ဒိုက်ဦး ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး၊‌ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးသူငယ်များ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးခရိုင်၊ ဥဿာမှ ထုတ်‌ဝေသာ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာ‌ပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့‌ နေ့လယ်(၁)နာရီက ကံ့ကော်ရိပ်ကိုပိုင်အထက်တန်းကျောင်း၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာ‌စောင်တွင် ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက် ၃ ရပ်၊ ကလေးအလုပ်သမား အဓိပ္ပာယ်၊ ကလေးအလုပ်သမား အသက်အရွယ်၊ အခွင့်အရေးဆိုင်ရာမူများ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက် စသော အချက်တို့ပါရှိ‌သော လက်ကမ်းစာ‌စောင်များအား ကျောင်းသား/သူများ သိရှိနိုင်စေရန် ရည်ရွယ်ကာ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)