အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) ၏ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

မန္တလေး ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) ၏ အခွန်ဆိုင်ရာပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီခွဲက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) ၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အခွန်ဆိုင်ရာပညာပေး ရှင်းလင်းဆွေးနွေးပွဲတွင် အလယ်အလတ် အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံး (၅) ၏ ဌာနမှူး ညွှန်ကြားရေးမှူး ဦးအောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အောင်ဆွေက အခွန်ထမ်းကုမ္ပဏီလုပ်ငန်းရှင်များ သိသင့်သိထိုက်သည့် အခွန်ဆိုင်ရာအကြောင်းအရာများကို ပညာပေးရှင်းလင်းဆွေးနွေးခဲ့ရာ အခွန်ထမ်းကုမ္ပဏီ လုပ်ငန်းရှင်များ စုစုပေါင်း (၁၄၀) ဦးတက်ရောက်ကြပြီး အခွန်ဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များကို ဝေငှခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)