နေပြည်တော်ကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီးရဲမိုး တပ်ကုန်းမြို့နယ်အတွင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်မှုနှင့်လိုအပ်သော အုပ်ချုပ်ထောက်ပံ့မှုများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်းတို့သည် တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ်အတွင်း ပြည်သူ့စစ်(ဌာနေ)များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ဒေသခံပြည်သူများဖြင့်တွေ့ဆုံ၍လိုအပ်သော အုပ်ချုပ်ထောက်ပံ့မှုများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရုပ်ပုံပြပုံ‌‌ပြောပြိုင်ပွဲဆောင်ရွက်

၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ် အကြိုရုပ်ပုံပြပုံ‌ပြောပြိုင်ပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတွေးအခေါ်ရင့်သန်လာစေရန်၊ စာပေအကျိုးကျေးဇူးများကို သိရှိစေရန် အသိပညာဗဟုသုတများတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများဖြစ်လာစေရေး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ရုပ်ပုံပြပုံပြောပြိုင်ပွဲကို ယနေ့နံနက်(၁ဝ) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းနောင်မြို့တွင် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာရရှိစေရန်အတွက် နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များကို ယနေ့ နံနက်(၉)နာရီအချိန်က သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၊ ရန်အောင်ကျေးရွာတွင် နွားစာသိုလှောင်သည့် ဂိုထောင်တစ်လုံး မီးလောင်မှုဖြစ်ပွား

ပျော်ဘွယ်မြို့နယ်၊ ရန်အောင်ကျေးရွာတွင် ယနေ့ နံနက်(၁၀)နာရီခွဲအချိန်ခန့်က နွားစာသိုလှောင်သည့် ဂိုထောင်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၏ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်အားကစားခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူ အသင်းဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့ နံနက်(၁၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြသခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် နယ်လှည့် စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီက ပန်းဆွဲအုပ်စု အ-ထ-က (ကျပ်ချောင်း) ကျောင်း၌ ပြုလုပ်ခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ စာဖတ်ရှိန်​မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်း​ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်ပြန်​ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် ​မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်​မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယ​နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများကဏ္ဍအလိုက် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တရားဥပဒေစိုးမိုးရေး အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့က ကျိုင်းတုံမြို့ အမှတ်(၄) ရပ်ကွက်ရှိ ဓမ္မဝတ္တဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။

ကျိုင်းတုံမြို့ အ.ထ.က (၅)၌ မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာ အသိပညာပေးဟောပြော

၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
Subscribe to