ကျိုင်းတုံ ဇွန် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တရားဥပဒေစိုးမိုးရေး အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့က ကျိုင်းတုံမြို့ အမှတ်(၄) ရပ်ကွက်ရှိ ဓမ္မဝတ္တဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ရပ်ကွက်/ကျေးရွာလုံခြုံအေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းအမှားအမှန်ခွဲခြားသိရှိနိုင်စေရေး စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျန်းမာရေးနှင့်ပညာရေးအစရှိသောကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆွေးနွေးဟောပြောခဲ့ကြကာ ဒေသခံများ၏ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကြသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ Unique Identification Number (UID) ကတ်များဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုဖြည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးပြီး၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနဝန်ထမ်းများက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဒေသခံပြည်သူ ၈ဝ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)