ဖျာပုံ ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သော သီးနှံမျိုစုံဖျော်ရည်ပြုလုပ်နည်း၊ သီးနှံမျိုးစုံ ယိုအမျိုးအမျိုး ပြုလုပ်နည်း၊ ဂျယ်လီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ရခြင်းဖြင့် အိမ်တွင်းတစ်ပိုင်တစ်နိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေ တိုးတက်ရရှိစေရန် ရည်ရွယ်၍ "သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း" ဖွင့်ပွဲကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ဖျာပုံခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲတွင် ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ငွေမင်းထိုက်က အဖွင့်အမှာစကား ပြောကြားပြီး ဖျာပုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လတ်လတ်ဝင်းက ဒေသထွက်ကုန်သီးနှံများ လေလွင့်ပျက်စီးမှုမရှိစေရေးအတွက် သီးနှံ အခြေခံတန်းဖိုးမြှင့်စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်နှင့် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ အိမ်တွင်းတစ်ပိုင်တစ်နိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းအဖြစ် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းမှပို့ချပေးလိုက်သည့် အတတ်ပညာများကို စနစ်တကျ သေချာစွာလေ့လာမှတ် သားပြီး မိမိတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဝင်ငွေတိုးတစ်ပိုင်တစ်နိုင် စီးပွားဖြစ် ဆောင်ရွက်နိုင်သည်အထိ ဆက်လက်ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက MSME လုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာများအား အသိပညာပေး ဆွေးနွေးပြောကြားပြီး ဖျာပုံခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦးက သင်တန်းသူ များကို အားပေးစကားပြောကြားခဲ့သည်။ အဆိုပါ သင်တန်းကို ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သင်တန်းဆရာမများက သီးနှံမျိုစုံ၊ ဖျော်ရည်ပြုလုပ်နည်းများ၊ သီးနှံမျိုးစုံ ယိုအမျိုးအမျိုးပြုလုပ်နည်းများ၊ ဂျယ်လီပြုလုပ်နည်း စသောသီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုများကို ဇွန်လ (၁၉)ရက်နေ့မှ ဇွန်လ (၂၅)ရက်နေ့အထိ
မြို့နယ်အတွင်းရှိ သင်တန်းသူ (၂၀)ဦးအား လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)