ပဲခူး ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည့်သူကျန်းမာရေးဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းအခြေပြု သွေးလွန်တုပ်ကွေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ပဲခူးမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းရှိ ဝိုင်အမ်ဘီအေခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နီလာကြည်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတဆင့် ကူးစက်တတ်သော ရောဂါနှိမ်နင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာပန်းမာလာမြတ်ကိုနှင့် ပဲခူးတိုင်းဒေသကြီး ကျောင်းကျန်းမာရေးဌာနမှ ဒေါက်တာအိန်ဂျလင်းတို့က သွေးလွန်တုပ်ကွေးရောဂါအကြောင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်နည်းလုပ်ဟန်များအကြောင်းနှင့် ကျောင်းကျန်းမာရေး လုပ်ငန်းများနှင့်ပက်သက်၍ အသိပညာပေးဆွေးနွေးဟောပြောကာ ကျောင်းအတွင်းရှိ ခြင်ပေါက်ဖွားနိုင်သော နေရာများအား ရှင်းလင်းခြင်း၊ ခြင်လောက်လမ်းသေဆေး (အဘိတ်ဆေး) ခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)