တောင်တွင်းကြီးမြို့နယ်၌ အခြေခံစားသောက်ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားသောက်ကုန်ပစ္စည်းများ (Mobile lab Van)ဖြင့် စစ်ဆေးခြင်းများ ကြီးကြပ်ဆောင်ရွက်

တောင်တွင်းကြီး ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ရှိ ဈေးဆိုင်များ၌ ယမန်​နေ့နံနက် ၈ နာရီအချိန်က အခြေခံစားသောက်ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားသောက်ကုန်ပစ္စည်းများအား နမူနာယူ (Mobile lab van)စနစ်ဖြင့် ကြီးကြပ်​ဆောင်ရွက်‌ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြီးကြပ်​ဆောင်ရွက်‌ရာတွင် တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန၊  စားသုံးသူရေးရာဦးစီးဌာန၊ FDA အဖွဲ့များ၊ မြို့နယ်စည်ပင်သာယာ​ရေးဦးစီးဌာန၊​ မြို့မစျေးစျေးတာဝန်ခံနှင့် မြို့နယ်ပြန်/ဆက်တို့ပူးပေါင်း၍ မြို့ပေါ်ရှိဈေးဆိုင်များသို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်၍ အခြေခံစားသုံးသူ​များ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရည်ရွယ်၍ အခြေခံစားသောက်ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားသောက်ကုန်ပစ္စည်းများ (mobile lab van) ဖြင့် စစ်ဆေးခြင်းများ ကြီးကြပ်‌ဆောင်ရွက်ခြင်း၊ ​ရောင်းချ​သောစျေးသည်များအ‌နေဖြင့် သင့်‌လျော်သော‌ဈေးနှုန်းဖြင့်သာ ရောင်းချပေးစေလိုကြောင်း၊ အမြတ်တင်၍ မ‌ရောင်းချပဲ နှစ်ဦးနှစ်ဖက်မျှတသည့်အမြင်ဖြင့်‌ ရောင်းချပေးသွားရန်‌ ကြီးကြပ်မှာကြားခဲ့​ကြောင်း သိရှိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)