မြောက်ဥက္ကလာပမြို့နယ်တွင် ခရိုင်အဆင့်အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

မြောက်ဥက္ကလာပ ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်အားကစားနှင့် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပပြုလုပ်သော အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်()အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်() ဒုတိယဗိုလ်မှူးကြီး ဖြိုးအောင်ဟိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ကုသရေးဦးစီးဌာနမှ ခရိုင်ကုသရေးဦးစီးမှူး ဒေါက်တာဝေဆင့်ကျော်က သွေးလွန်တုပ်ကွေးရောဂါ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ယုဒါရီက ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး ဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြဝင်းက လူငယ်နှင့်စာဖတ်ခြင်းအကြောင်းဟောပြောခြင်း၊ ရွှေရောင်သမိုင်း လူမှုကယ်ဆယ်ရေးအသင်းမှ ခရိုင်လူငယ်ကိုယ်စားလှယ် ဦးဇွဲရန်နိုင်က လူငယ်နှင့် ပရဟိတအကြောင်းဆွေးနွေးဟောပြောခြင်း၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးမျိုးမင်းသန်းက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် အသီးသီးဟောပြောခဲ့ကြသည်။

ဟောပြောပွဲတွင် Acrobic အဖွဲ့မှ Fitness Danceဖြင့် ဖျော်ဖြေခြင်း၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ နည်းပြချုပ်ဦးခင်မောင်ဝင်း ဦးဆောင်သည့် ခြင်းလုံးသရုပ်ပြအဖွဲ့က မြန်မာ့ရိုးရာခြင်းလုံးကစားနည်းဖြင့် ဖျော်ဖြေခြင်း၊ ဆရာနိုင်အောင်ဦးဆောင်သည့်အဖွဲ့မှ ဝှုရှူးသရုပ်ပြသခြင်းများဖြင့် တက်ရောက်လာသူများအား ဖျော်ဖြေခဲ့ပြီး မရမ်းကုန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်() ဒုတိယဗိုလ်မှူးကြီး ဖြိုးအောင်ဟိန်းက ဖျော်ဖြေတင်ဆက်သူများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်()နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရွှေရောင်သမိုင်း လူမှုကယ်ဆယ်ရေးအသင်းမှ လူငယ်များ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ/ ဆရာများ၊ ကျောင်းသား/ သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်း (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)