သနပ်ပင် ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သနပ်ပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကလိုင်ရွာလယ် သံကူကွန်ကရစ် တံတား (ပေ ၁၂၀ x ပေ ၂၀) (ပထမပိုင်း) ဆောက်လုပ်မည့် နေရာအား အင်ဂျင်နီယာချုပ် ဦးထွန်းဝေက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ညွှန်ကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည့် စွံပိတံတားသစ်သားကြမ်းခင်းပြုပြင်ခြင်း (၉၀ပေx၁၂ပေ) လုပ်ငန်းအား အင်ဂျင်နီယာချုပ်က ကွင်းဆင်းစစ်ဆေးရာ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမြင့်ထွန်းနှင့် မြို့နယ်တာဝန်ခံ ဒေါ်မေဇော်ဦးတို့မှ တံတားဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ အင်ဂျင်နီယာချုပ်မှ တံတားအား ရေရှည်အသုံးပြုနိုင်ရန်အတွက် ဌာနနှင့် ကျေးရွာပြည်သူလူထုမှ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် မှာကြားသည်။
မြို့နယ်(ပြန်/ဆက်)