အင်္ဂပူ ဇွန် ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်သမအသင်းစုလီမိတက်၏ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနား ယမန်နေ့နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ် သမဝါယမဦးစီးဌာရုံးအစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့ခိုင်က သမဝါယမ အသင်းသားတောင်သူများထံ သွင်းအားစုများဖြန့်ဖြူးပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သမဝါယမအသင်းသား တောင်သူများထံ သွင်းအားစုများပေးအပ်ခဲ့ပြီး All ln One Plus ဇီဝသဘာဝမြေဩဇာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဇီဝသဘာဝ မြေဩဇာအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက်တက်ရောက်လာသူများက ဆွေးနွေးမေးမြန်းမှုအား တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့ခိုင်နှင့်ဝန်ထမ်းများ၊ အင်္ဂပူမြို့နယ်အတွင်းရှိ သမဝါယမအသင်းသား တောင်သူများ တက်ရောက်ခဲ့ကြောင်းနှင့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးမည့်သမဝါယမအသင်းသား တောင်သူ (၆၁) ဦးအား သိန်း (၂၂၀) တန်ဖိုးရှိဓာတ်မြေဩဇာ (၂၀၀) အိတ် ပေးအပ်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)