ကမာရွတ် ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ်(၇) ရပ်ကွက် ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြားရှိ Times City, Jewellery Mall တွင် ယနေ့နံနက်ပိုင်းက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်ခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါသင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေးမှူးဦးဇော်တင်မိုးမှ အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း အထွေထွေမန်နေဂျာ ဦးဇော်မြင့်ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှုး ဦးခိုင်ထွန်းဇော် အထွေထွေဦးစီးဌာန (ရုံးချုပ်) လက်ထောက်ညွှန်ကြားရေးမှူး ဦဇော်မျိုးထွန်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်ထွန်းဦးတို့မှ အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပေးသော လိုင်စင်များ၊ အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက်များ၊ အမိန့်ညွှန်ကြားချက်များ၊ AML/CFT ဆိုင်ရာ ကိစ္စရပ်များအပေါ် သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် AML/ CFT ဆိုင်ရာ အသိပညာပေးဆိုင်ရာများ ပို့ချပေးခဲ့သည်။
အဆိုပါ အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများ သင်တန်းသို့ သင်တန်းသား၊သင်တန်းသူ (၂၈၂)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်း လက်မှတ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)