ကျိုင်းတုံမြို့၌ ဈေးကွက်လည်းတွင် ဆေးဖက်ဝင် အပင်မျိုးစိတ်များ၏ အသုံးပြုမှုဆိုင်ရာ ဟောပြောဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဈေးကွက်လည်းတွင် ဆေးဖက်ဝင် အပင်မျိုးစိတ်များ၏ အသုံးပြုမှုဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနရုံးတွင် ကျင်းပသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၁)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းဝထ္တုငွေများ ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ၂၀၂၆ ခုနှစ်၊ နှစ်(၃၁)ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သံဃာတော်များအား အာရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းဝထ္တုငွေများ ဆက်ကပ်လှူဒါန်းခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ ပြုလုပ်သည်။

ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ် တောင်ကြီး၊ လွိုင်လင် သစ်ထုတ်လုပ်ရေးဒေသ ရပ်စောက်မြို့၊ မွေတော်သစ်ဆိပ်ရှိ သစ်မာလုံးများနှင့် တင်ဒါအောင်မြင်သည့် အငှားသစ်စက် (၆) စက်အား သွားရောက်ကြည့်ရှု

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်သည် တာဝန်ရှိသူများနှင့်အတူ မြန်မာ့သစ်လုပ်ငန်း၊ ရှမ်းပြည်နယ် ရပ်စောက်မြို့ရှိ မွေတော်သစ်ဆိပ်၌ သစ်မာသစ်လုံးများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တင်ဒါအောင်မြင်သည့် ရပ်စောက်အငှားသစ်စက် (၆) စက်တို့အား ဇွန်လ (၁၄) ရက်နေ့၊ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

လားရှိုးမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာ‌ကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာ‌ကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ပြည်ထောင်စုအားကစားကွင်းရှိ လေ့ကျင့်ရေးအားကစားခန်းမ၌ ကျင်းပသည်။

မောက်မယ်မြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးများနှင့်တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ  ဒေသဖွံ့ဖြိုး‌ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော (VDP) ကျေးရွာကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်း အနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အစားထိုးသီးနှံမျိုးစေ့၊ ပျိုးပင်နှင့် မြေဩဇာထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အစားထိုး သီးနှံမျိုးစေ့၊ ပျိုးပင်နှင့် မြေဩဇာထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးရုံး၌ ကျင်းပသည်။

ပြည်တွင်းအခွန်များဦးစီးဌာနသို့ မြို့နယ်သမဝါယမအသင်းစု(၇၅)စုတို့က ဝင်ငွေကြေညာလွှာများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မြို့နယ်သမဝါယမအသင်းစုများ၏ ဝင်ငွေကြေညာလွှာပေးအပ်ပွဲအခမ်းအနားကို ဇွန် ၁၁ ရက်က မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပသည်။
Subscribe to