၂၀၂၆ ခုနှစ် မိုးရာသီ လူထုလုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးရေးပွဲတော်များ မြို့နယ်အလိုက်ကျင်းပ

နေပြည်တော်   ဇွန်   ၁၄

သစ်တောသစ်ပင်များ၏တန်ဖိုးကို သိရှိနားလည်နိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် ဌာနဆိုင်ရာများ စုပေါင်းပြီး    ၂၀၂ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ‌တော်ကို ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်  မြို့နယ်များအလိုက် ကျင်းပဆောင်ရွက်မှုများအား စုစည်းဖော်ပြအပ်ပါသည်။

မြစ်သား

၂၀၂ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ‌တော်တွင် မြစ်သားမြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများ ၊ ကျောင်းသား၊ ကျောင်း သူများက အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းဝန်းအတွင်း မြေကွက်လပ်၌ ဖျောက်ဆိပ်ပင် ၁၅၀ ၊ သ‌‌ေင်္ဘာကုက္ကိုပင် ၁၅၀၊  ယူကလစ်ပင် ၈၀ ၊ မဲဇလီပင် ၅၀ ၊ ယင်းမာပင် ၅၀ ၊ မဟော်ဂနီပင် ၂၀ ၊ ပိတောက်ပင် ၂၀ နှင့် ခရေပင် ၂၀ စုစုပေါင်း အပင် ၅၄၀ တို့အား စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။

ပေါင်းတည်

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ ဇွန် ၁၄ ရက်က ရွာပုလဲကျေးရွာအုပ်စု၊ ထိပ်ပေါက်ကုန်းကျေးရွာပိုင် ၀ဒဿမ ၂၉ ဧက အကျယ်ရှိမြေနေရာတွင်ကျင်းပရာ ကံ့ကော်ပင် ၂၀၊ ကျွန်းပင် ၁၅၀၊ ခရေပင် ၂၀၊ ငုရွှေဝါပင် ၂၀၊ ပိတောက်ပင် ၂၀၊ ပျဉ်းကတိုးပင်၂၀နှင့် ရေတမာပင် ၁၀၀ စုစုပေါင်း သစ်မျိုးစုံအပင် ၃၅၀ ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

ကျွန်းလှ

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၁၄ ရက်နံနက် ၈ နာရီက သီတဂူဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ) ၌ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ တောအုပ်ကြီး ဦးစိုးမြတ်သူတို့က ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တက်လာကြသူများက ကျွန်း၊ တမာ၊ ပျဉ်းကတိုး၊ ခရေ၊ ဗန်ဒါ ပျိုးပင်ပေါင်း (၇၀၀)ကို စုပေါင်းစိုက်ပျိုးကြသည်။ ကျွန်းလှမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန်အတွက် ကျွန်း ၃၀၀၀၊ ပျဉ်းကတိုး ၅၀၀၀၊ တမာ ၂၀၀၀၊ မယ်ဇလီ ၂၀၀၀၊ ခရေ ၅၀၀၀၊ ယူကလစ် ၂၀၀၀၊ ဗန်ဒါ ၅၀၀၊ ကံ့ကော် ၅၀၀ စုစုပေါင်းပျိုးပင်မျိုးစုံ ၂၀၀၀၀ ပျိုးထောင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မအူပင် 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၆ ခုနှစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား ဇွန် ၁၃ ရက်က မအူပင်စက်မှုဇုံဝင်းအတွင်း ကျင်းပရာ   မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက သတ်မှတ်နေရာအလိုက် ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ခရေ၊ မဟော်ဂနီ၊ စိန်ပန်းပင် စုစုပေါင်း (၅၀၀) အားစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။            

စလင်း

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင်  မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မိုးရာသီ မြို့နယ်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၁၃ ရက်က တောစိမ့်ကျေးရွာအုပ်စုရှိ တပ်တွင်းအခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း  သတ်မှတ်ကွင်းပြင်၌ ကျင်းပရာ   တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ  လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ ဆရာမများ ကျောင်းသား/ကျောင်းသူများက ယင်းမာပင် ၁၀၀၊ တမာပင် ၁၀၀၊ မယ်ဇလီပင် ၁၀၀ စုစုပေါင်း ပျိုးပင် ၃၀၀ တို့အား စုပေါင်းစိုက်  ပျိုးခဲ့ကြသည်။

မြို့သစ်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ၊  မိုးရာသီ (ပထမ အကြိမ်) စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇွန် ၁၃ ရက်က မြေပြင်သာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းဝင်း၌ ကျင်းပရာ  နယ်မြေခံတပ်မှစက်ရုံမှူး ဗိုလ်မှူးကြီး မင်းသန့်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  အမှတ်(၁) ဦးစိုးမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊   ဝန်ထမ်းများ၊   လူမှုရေး အသင်းအဖွဲ့များ၊ အထက  (မြေပြင်သာ) အခြေခံပညာနှင့်  စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးမှ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ဒေသခံပြည်သူများနှင့်အတူ တမာပင်၊ ပဲချယ်ရီပင်၊

ပိတောက်ပင်၊ ယင်းမာပင်၊ဗန်ဒါပင်၊ မာတာကွတ်ပင်စသည့် စုစုပေါင်းပျိုးပင်(၅၀၀)အား  စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။

နတ်မောက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် နတ်မောက်မြို့ ဗိုလ်တေဇအားကစားကွင်းအတွင်း ဇွန် ၁၃ ရက်က  ၂၀၂၆ ခုနှစ် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်သစ်ပင်ချစ်သူများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများက           ကျွန်းပင် (၁၀၀)၊ ပိတောက်ပင်(၁၀၀)၊ ဆီသပြေပင်(၁၀၀)၊ တပေဘူတပင်( ၁၀၀)၊ စိန်တံခြူးပင်(၁၀၀)၊ စိန်ပန်းကြီးပင် (၁၀၀) စုစုပေါင်း အပင်(၆၀၀) ကို  စိုက်ပျိုးခဲ့ကြကြောင်းသိရ သည်။

ရမည်းသင်း

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်   အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ နည်းပညာတက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ဇွန် ၁၃ရက်က  ၂၀၂၆ခုနှစ်၊ မိုးရာသီ လူထုလုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးရေးပွဲတော်ကျင်းပရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်မြင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်းကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်းအင်အားလူဦးရေ ၄၃၀ တို့က သစ်ပိတောက်ပင် (၁၀၀) ၊သင်္ဘောကုက္ကိုပင် ၁၀၀၊ ယင်းမာပင် ၅၀ ၊ တမာပင် ၁၀၀၊ မယ်ဇလီပင် ၅၀ စုစုပေါင်း အပင် ၄၀၀ တို့ကို စိုက်ပျိုးပေးခဲ့ကြကြောင်းသိရသည်။

အုတ်ဖို

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဇွန်၁၃ရက်က အေးမြသာယာကျေးရွာရှိ ဝိနယာလင်္ကာရကျောင်း၌ ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများက ပျဉ်းကတိုးပင် (၁၀၀)၊ ကျွန်းပင်(၁၀၀)၊ ကံ့ကော်(၅)ပင်၊ မန်ဂျန်ရှား(၉၅)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

စေတုတ္တရာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့်  အောက်ပုံကျေးရွာသွားလမ်းတွင် သစ်ပင်များဖြင့် စိမ်းလန်းစိုပြည်သာယာလှပစေရေး အတွက် ဇွန် ၁၃ ရက်က ၂၀၂၆ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပရာ   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစွမ်းထက်ကိုနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းသာ၊ကျောင်းသူများနှင့်ဆရာ၊ဆရာမများဒေသခံပြည်သူများက ကျွန်းပင် (၂၅၀) တမာပင် (၀၀)၊ ကုက္ကိုလ်ပင် (၁၅၀)  စုစုပေါင်းပျိုးပင် (၆၀၀) အား စနစ်တကျစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား ၁၃ ရက်နေ့၊ နံနက် ၇:၃၀ အချိန်တွင် အမှတ် (၃) ရပ်ကွက်၊ ရွာထောင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ပေါက်ခေါင်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း(၂၅၃) ဦးတို့မှ ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ စိန်ပန်းကြီး၊ ကုက္ကိုလ်၊ ရေတမာ၊ သခွတ်၊ ပိတောက် စသည့် သစ်မျိုး (၈)မျိုး ပျိုးပင်ပေါင်း (၅၀၀) တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။

 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန