မိုင်းခတ် ဇွန် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ဒေသခံတိုင်းရင်းသားပြည်သူများ အခမဲ့ရယူစိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ ထင်းအစားထိုးနှင့် အရိပ်ရပျိုးပင်များကို မိုင်းခတ်မြို့နယ် သစ်တောဦးစီးဌာနတွင် ပျိုးပင်ပေါင်း (၂၀၀၀၀)ပျိုးထောင်ထားကြောင်း သိရသည်။
သစ်ပင်များစိုက်ပျိုးခြင်းဖြင့် မြေဆီမြေဩဇာတိုးပွားစေပြီး အပူချိန်ထိန်းညှိပေးနိုင်ခြင်း၊ ရေလွှမ်းမိုးခြင်းကို ထိန်းသိမ်းပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ရေးအတွက် မယ်ဇလီအပင်(၁၀၀၀၀)၊ ကျွန်း(၅၀၀၀)ပင်နှင့် မန်ဂျန်ရှား(၅၀၀၀)ပင် စုစုပေါင်းပျိုးပင် (၂၀၀၀၀)အား မြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ပျိုးထောင်ထားကြောင်းနှင့် ပျိုးပင်များအား တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် တောင်ပေါ်ကျေးရွာများမှ တိုင်းရင်းသားပြည်သူများက လာရောက်ထုတ်ယူ စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနတောအုပ် ဦးအောင်မိုးထွေးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)