ပင်လောင်း ဇွန် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို လစဥ် ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်စတင်၍ စနစ်တကျထုတ်ပေးလျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများက စိတ်အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ အဆင်ပြေချောမွေ့စွာ လာရောက်ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံ့ဝန်ထမ်းများလစာထုတ်ရက်မတိုင်မီ လစဉ်လတိုင်း(၂၁)ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိပြီး ယာယီနေရပ်စွန့်ခွာ အငြိမ်းစားဝန်ထမ်းများကိုလည်း သတ်မှတ်ပေးထားသည့် နေ့ရက်များအလိုက် ဘဏ်ဖွင့်ချိန်များတွင် ပင်စင်လစာငွေများ နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ပင်လောင်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း(၆၂၄)ဦးနှင့် ပင်လောင်းဘဏ်တွင် ယာယီနေရပ်စွန့်ခွာ အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာငွေထုတ်ယူနိုင်ရေးလာရောက် စာရင်းပေးသွင်းသူ (၂၉၄) ဦးရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်