ညောင်ဦး ဇွန် ၂၁
စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်လျက်ရှိရာ တိုင်းသူများ စိုက်ပျိုးသောဿီးနှံများ၏ အထွက်နှုန်း တိုးတက်ရေး သိပ္ပံနည်းကျ စိုက်ပျိုးသည့် နည်းစနစ်များ လိုက်နာကျင့်သုံးနိုင်ရေး ဝင်ငွေတိုးပွားစေရေးအတွက် သီးထပ်၊ သီးညှပ်များ တိုးချဲ့စိုက်ပျိုးရေး နည်းပညာများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အမှတ်(၉၉) စက်မှုလယ်ယာစခန်းမှ ဦးဆောင်ကျင်းပသော ညောင်ဦးမြို့နယ်၊ အပူပိုင်းဒေသ သုတေသနခြံ မြေဧရိယာ (၂) ဧကအတွင်း သီးနှံမျိုးစေ့ချကိရိယာဖြင့် မြေပဲမျိုး စေ့စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်စီမံ အဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ အမှတ်(၉၉) စက်မှုလယ်ယာစခန်းမှ ခရိုင်ဦးစီးဌာနမှူး ဦးဝင်းသိန်း၊ မြို့နယ်စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးဌာနမှူး ဦးဉာဏ်လင်းလက်နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တောင်သူများတက်ရောက်ကြပြီး အမှတ်(၉၉) စက်မှုလယ်ယာစခန်းမှ ဆောင်ရွက်လျက်ရှိနေသော သီးနှံမျိုးစေ့ချ ကိရိယာဖြင့် မြေပဲမျိုးစေ့ချ စိုက်ပျိုးခြင်းအား ကြည့်ရှုအားပေးကြရာ တာဝန်ရှိသူများက လိုအပ်သည်များအား တက်ရောက်ကြည့်ရှုကြသည့် တောင်သူများ၏ အကြံပြုချက်များနှင့် ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြေပဲမျိုးစေ့များကို မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးခြင်းသည် လယ်ယာလုပ်သားရှားပါးမှုကို လွယ်ကူစွာ ဖြေရှင်းနိုင်းခြင်း၊ ငွေကုန်းကြေးကျနည်းပါးခြင်း၊ လုပ်သားဖြင့် စိုက်ပျိုးရာတွင် တစ်ရက်တစ်ဧကနှုန်းသာပြီးစီးပြီး၊ မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးပါက တစ်ရက် (၈)ဧက ပြီးစီးပြီး မျိုးစေ့ကုန်ကျမှုအားဖြင့် တစ်ဧကလျှင် (၁၂) ပြည်မှ (၁၆)ပြည်သာ ကုန်ကျကြောင်း၊ မြေစေ့ချကိရိယာတွင် နောက်ခြေခုံပါရှိခြင်းကြောင့် မျိုးစေ့ချရာတွင် ဘောင်တန်းလိုက် ဖြစ်ပေါ်ပြီး ရေစိမ့်ဝင်အားကောင်းမွန်ခြင်း၊ မြေပြန်ဖုံးပေးခြင်းကြောင့် ကျေး ငှက်တိရစ္ဆာန်များအန္တရာယ်မှ ကာကွယ်ပြီးသားဖြစ်ကာ မျိုးစေ့ချ ကိရိယာကို အသုံးပြုစိုက် ပျိုးခြင်းဖြင့် ရာသီချိန်မီ စိုက်ပျိုးပြီးစီးနိုင်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးက ပြောကြား၍ သိရသည်။
ဒီပါလင်း