မိုင်းရယ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

မိုင်းရယ် ဇွန် ၂၁

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အလယ်တန်း၊ အထက်တန်းအဆင့် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲကို မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ နေ့လည်(၁)နာရီက ကျင်းပပြုလုပ်သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများကို မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဉီးစီးအရာရှိ ဒေါ်ခင်မာလာက ဟောပြောပြီး ပန်းချီပြိုင်ပွဲဆက်လက်ယှဉ်ပြိုင်ရာ မိုင်းရယ်မြို့ပေါ်မှ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/ သူ (၂၀)ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

ယင်းနောက် ပြိုင်ပွဲဝင် ကျောင်းသား/ သူများက ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သိကောင်းစရာနံရံကပ်စာစောင်များ၊ ဓါတ်ပုံများအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိုင်းရယ် (ပြန်/ဆက်)