နတ်မောက်မြို့တွင် မြို့မဈေးကြီးအတွင်း/အပြင်၌ စားသုံးရန်မသင့်သော အစားအစာများ ရောင်းချခြင်း  ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် မြို့မဈေးကြီးအတွင်း/အပြင်၌ စားသုံးရန် မသင့်သော အစားအစာများ ရောင်းချခြင်းရှိ/မရှိ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွက်ကဲမှုဦးစီးဌာနတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ ညနေပိုင်းက အဆိုပါ ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေဟိုတယ်ဆင်းလမ်း တိုးချဲ့ဖောက်လုပ်မည့်နေရာနှင့် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးပစ္စည်းများ ဖြန့်ခွဲနေမှု ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေဟိုတယ်ဆင်းလမ်းအား ပွိုင့်ကမ်းခြေပတ်လမ်းအထိ အဖြောင့်ဖောက်လုပ်မည့်နေရာကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘက်စုံသုံးဆိပ်ကမ်း၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ဖြန့်ခွဲနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

မရမ်းကုန်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က လှည်းကူးမြို့နယ်အတွင်းရှိ ရေလွှမ်းမိုးခံရသည့် ကျေးရွာများသို့ အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ရေလွှမ်းမိုးခံရသည့် ကျေးရွာများသို့ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က အခြေခံစားသောက်ကုန်များအား ယမန်နေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်လံမြို့၌ ပလတ်စတစ်သုံးစွဲမှု လျော့ချရေး Campaign ဆောင်ရွက်

အောင်လံခရိုင်၊ အောင်လံမြို့၌ စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများ၊ စားသောက်ဆိုင်၊ လဘက်ရည်ဆိုင်များတွင် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေး Campaign ကို ယမန်နေ့ နံနက် ၈နာရီခွဲအချိန်က အောင်လံမြို့ သရက်တောရပ်ကွက် ပျံကျဈေးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မြို့နယ်စာ​​​ရေးဆရာအသင်း ပြန်ကြားရေးလုပ်ငန်းကော်မတီနှင့် အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့မွန်းလွဲ ၁၃:၀၀နာရီက မြို့နယ်စာရေးဆရာအသင်း ပြန်ကြားရေးလုပ်ငန်းကော်မတီ အစည်းအဝေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာအစည်းအဝေးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဖူးမိုက ရှေ့လုပ်ငန်းစဥ်များ ဌာနဆိုင်ရာ များနှင့်ချိတ်ဆက်၍ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်မှု၊ MSME အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ၊ Talk Show၊ စာဖတ်ဝိုင်း၊ အသိပညာပေးဟောပြောပွဲများ၊ လူငယ်ရေးရာဟောပြောပွဲ၊ လူငယ်ရေးရာဟောပြောပွဲ ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ အဖွဲ့ဝင်များက မိမိတို့ဌာနနှင့်ပူးပေါင်း၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းခဲ့သည်။ မိမိတို့မြို့နယ်အနေဖြင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ပြီး လုပ်ငန်းများတွင် တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်ရေးကို အလေးထားဆွေးနွေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံ၍ သာယာဝပြောစေရေးအတွက် အဘက်ဘက်မှ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် သက်ဆိုင်ရာဌာနဆိုင်ရာများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

နမ့်စန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ရှုံးထွက်(ကွာတားဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၃ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများကို စက်တင်ဘာလ၁၇ရက်မှ စတင်၍ ကျင်းပလျှက်ရှိရာ ယမန်နေ့ နေ့လည် ၃နာရီက ပထမအကြိမ် ရှုံးထွက် (ကွာတားဖိုင်နယ်) ပွဲစဉ်များကို မြို့နယ် ကျောက်တိုင် အားကစားကွင်းတွင် ဆက်လက်ကျင်းပခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာများမှ အားကစားဝါသနာရှင် ပရိတ်သတ်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်သူများ အဆင်ပြေစေရန် လျှောက်လမ်းခင်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့မဈေးအတွင်း ဈေးရောင်းသူ၊ ဈေးဝယ်သူများ အဆင်ပြေစေရန်အတွက် ယမန်နေ့က ကွန်ကရစ်ဖြင့် လျှောက်လမ်းခင်းပေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

မိုင်းယောင်းမြို့နယ်၌ ကျောင်းထိုင်ဆရာတော်များ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ကျက်သရေဆောင် ဟိုခုံသာသနာ့ဗိမ္မာန်တော်ကြီး၌ ကျောင်းထိုင်ဆရာတော်များ အစည်းအဝေးကို ယမန်နေ့တွင် ကျင်းပခဲ့ကြောင်း မြို့နယ်ဂေါပကအဖွဲ့မှ သိရသည်။
Subscribe to