ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်အား လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ပေး

မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်အား လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှု ရှိ၊မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ၂၂.၆.၂၀၂၄ ရက်နေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အောက်ရှိ သီလဝါဆိပ်ကမ်းဒေသ မြေကွက်အမှတ် (၂ဝ/၂၁)ရှိ  Wilmar Myanmar Limited ဝန်းအတွင်းရှိ Ware House ၌ စတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်များကို ဆောင်ရွက်လျက်ရှိရာ ကျောင်းသားလူငယ် မောင်မယ်များအား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားစေလာစေရန် ယမန်နေ့နံနက်ပိုင်းက ပြည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (ကျပန်းစကားပြော​​ပြိုင်ပွဲ၊စာစီစာကုံးပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲ)များ ကျင်းပပြုလုပ်သည်။

ရွှေပြည်သာမြို့နယ်၌ မြန်မာနိုင်ငံဂီတနေ့ ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပ

ဇွန်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံဂီတနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံဂီတနေ့ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာခန်းမ၌ ယနေ့နံနက်၈နာရီခွဲက ကျင်းပသည်။ ရှေးဦးစွာ ရွှေပြည်သာမြို့နယ်ဂီတအစည်းအရုံး အဖွဲ့ဝင်များက ဂီတစာဆို မောင်မျိုးသူရေးသားသော မြန်မာ့ဂီတနေ့သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက အဖွင့်အမှာစကား ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆင်နွှဲကြသူများ၏ ရင်တွင်းစကားသံများ

ကျောင်းသားလူငယ်များ စာအုပ်စာပေတွင် နှစ်သက်မွေ့လျော်ကာ ရာသက်ပန်ပညာရှာမှီးသူများ ဖြစ်လာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇွန်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သူများ၏ ရင်တွင်းစကားသံများအား ဖော်ပြပေးလိုက်ပါသည်။

ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သံကိုင်းကျေးရွာ၌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။

ပန်းတနော်မြို့နယ်၌ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုအား လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ရှောင်တခွင်လိုက်လံစစ်ဆေးခဲ့သည်။
Subscribe to