မိုးညှင်း ဇွန် ၂၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် MSMEs ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စိမ်းရတနာမွန် (တောင်ပိုင်း)ရပ်ကွက်ရှိ မြသုခဆီစက်လုပ်ငန်းအား ယနေ့နံနက် ၁၀ နာရီကတာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြရာတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် ဝန်ထမ်းများ၊ ဆက်စပ်ဌာနများဖြစ်ကြသည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အသေးစားစက်မူလက်မူလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ မိုးညှင်းမြို့ စိမ်းရတနာမွန်(တောင်ပိုင်း)ရှိ မြတ်သုခဆီစက်လုပ်ငန်းအား စစ်ဆေးခဲ့ကြရာ ဆီစက်လုပ်ငန်းရှင် ဦးချစ်ငွေမှ မြေပဲကုန်ကြမ်းသိုလှောင်ထားရှိမှုအခြေအနေများနှင့် ဆီကောင်းဆီသန့်ထွက်ရှိရန်အတွက် မြေပဲများအား ရွေးချယ်သန့်စင်ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံရှင်းလင်းပြသခဲ့သည်။
ဆက်လက်၍ ကွင်းဆင်းစစ်ဆေးအဖွဲ့မှ သိရှိလိုသည့်အချက်အလက်များအား မေးမြန်းဆွေးနွေးကြကာ ဆီစက်လုပ်ငန်းရှင်၏ လိုအပ်ချက်များ၊ အားသာချက်များနှင့်အားနည်းချက်များအား သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးအကြုံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြတ်သုခဆီစက်လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် မိုးညှင်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ ဖွံ့ဖြိုးရေးချေးငွေကျပ်သိန်း(၅၀၀)အား ၂၀၂၃ခုနှစ် ဇူလိုင်လ ပထမပတ်တွင်ထုတ်ချေးခဲ့ရာ ယခုအခါတွင် လုပ်ငန်းများ အကောင်အထည်ဖော် လည်ပတ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း