သာကေတမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ ရေးသူ၊ ဖတ်သူဆွေးနွေးခြင်း စာဖတ်ဝိုင်းပြုလုပ်

သာကေတ ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့မှ ယမန်နေ့နေ့လယ်(၁း၀၀)နာရီ၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံး၊ ပြည်သူ့စာကြည့်တိုက်တွင် ရေးသူ၊ ဖတ်သူဆွေးနွေးခြင်း စာဖတ်ဝိုင်းအား ကျင်းပခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်နိုးမြတ်သူများအသင်း (BookClub)အသင်းတို့ပူးပေါင်း၍ သုတ၊ ရသစာအုပ်စာပေများ လစဥ်မပြတ် ဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်း၌ မိုးဇက်ပိုင်-မြန်မာပြန် ရေးသားထားသည့် ​ကြီးကျယ်စွာစဥ်းစား၍ ကြီးကျယ်စွာ​အောင်မြင်ပါ စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ(တွဲဖက်) ဒေါ်တင်တင်စိန်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဦးမြစိန်၊ ဥက္ကဋ္ဌ​စာရေးဆရာမ နန်းဟင်းပြင်တို့မှ မုဒိတာစကားများနှင့်အတူ ကြီးကျယ်စွာစဥ်းစား၍ ကြီးကျယ်စွာ​အောင်မြင်ပါစာအုပ်၏ အနှစ်သာရကို ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်၊ မြို့နယ် BooK Club အဖွဲ့ဥက္ကဋ္ဌ စာရေးဆရာမ နန်းဟင်းပြင်းက ရေးသားဖန်တီထားသည့် ဇာတ်အိမ်တည်ဆောက်ပုံ၊ ဇာတ်လမ်းဇာတ်ကွက်ဖြစ်ပေါ်လာပုံများကို ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(BookClub)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ပြီးရေးသူ၊ ဖတ်သူစာဖတ်ဝိုင်းအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

မို့မို့သူ(ပြန်/ဆက်)