ရေတာရှည်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ရေတာရှည် ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ဆောင်ရွက်မည့် ကျေးရွာ ‌၆ ရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီထံသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးမြင့်အောင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP၏ ရည်ရွယ်ချက်များ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအနေဖြင့် စီမံကိန်းရန်ပုံငွေများကို စနစ်တကျထိန်းသိမ်းရန်နှင့် အကျိုးရှိစွာအသုံးချရေး စီမံကိန်းလက်စွဲပါ လမ်းညွှန်ချက်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်မည့် ကျေးရွာ ‌၆ ရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များထံသို့ တစ်ရွာလျှင် ငွေကျပ် သိန်းတစ်ရာ့ငါးဆယ်စီအား မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များက လက်ခံရယူကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်