ကော့ကရိတ် ဇွန် ၂၉
ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် နေအိမ်မီးလောင်ပျက်စီးသွား၍ ဒေသအတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်သူ အိမ်ထောင်စုများအား ကော့ကရိတ်မြို့၊ မြို့မအားကစားရုံ၌ ယမန်နေ့က လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူသုံးကုန်ပစ္စည်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် Save the Children အဖွဲ့မှ ပူးပေါင်း၍ ထောက်ပံ့ပေးခဲ့ပြီး အိမ်ထောင်စုတစ်စုလျှင် ပစ္စည်းအမျိုးအစား(၂၃)မျိုးပါ စုစုပေါင်းတန်ဖိုး (၂၂၃၅၂၅)ကျပ်ဖြင့် ပထမအကြိမ်အိမ်ထောင်စု (၂၅၀)စုတို့အား မြို့နေပြည်သူများ နေထိုင်မှုအဆင်ပြေနိုင်စေရေးအတွက် ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)