တောင်တွင်းကြီး ဇွန် ၂၉
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည့် အနောက်တိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် အမှတ်(၇)၊ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေသည့် ပြည်သူ့စစ်မှုထမ်းအပတ်စဉ် (၁/၂၀၂၄)သင်တန်းဆင်းပွဲသို့ ရောက်ရှိကာ သင်တန်းသားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦးနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းတို့က အားပေးစကားအသီးသီးပြောကြားခဲ့ပြီး သင်တန်းသားများနှင့်အတူ နံနက်စာအား အတူတကွ သုံးဆောင်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး ပြည်သူအားလုံး သန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း အခမ်းအနားသို့ ရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားကာ တက်ရောက်လာသည့် ဒေသခံပြည်သူများကို ဆင်ခြေထောက်ရောဂါကာကွယ်ဆေးများ တိုက်ကျွေးခဲ့သည်။
ထိုနောက် တောင်တွင်းကြီးမြို့နယ် ဝက္ကသေးကျေးရွာတွင် နိုင်ငံတော်လှူဒါန်းထောက်ပံငွေဖြင့် ဆောက်လုပ်မည့် ကျေးလက်စာကြည့်တိုက်အဆောက်အဦ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ ရောက်ရှိပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပန္နက်တောင်တင်မင်္ဂလာ ပြုလုပ်ရန်အတွက် သတ်မှတ်နေရာအသီးသီးတွင် နေရာယူပြီး မင်္ဂလာအချိန်ကျရောက်သည့်နှင့်တပြိုင်နက် ရတနာပန္နက်တော် ကိုးချက်စိုက်ထူ၍ အမွှေးနံ့သာရေများ ပတ်ဖြန်းခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်သို့ သွားရောက်၍ စာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်း၊ ကူးယူမှတ်သားခြင်း၊ ပြန်လည်ဆွေးနွေးစေခြင်းများ လုပ်ဆောင်စေလိုကြောင်းနှင့် ဒေသခံပြည်သူများနှင့် ဆရာ၊ ဆရာမများကလည်း ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်ကို အသုံးပြုသည့် အလေ့အထကောင်းများရှိလာစေရေး တွန်းအားပေးဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စက်စက်ယိုချောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် နေရာသို့ ရောက်ရှိကာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လမ်းညွန်မှုဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်တွင်းကြီးမြို့အဝင် စက်စက်ယိုချောင်း ရေစီးလမ်းကြောင်း ရေဦး - ကျွန်းတောတံတားမှ အထက်ဘက် အလျားပေ (၃၀၀၀) သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများ၊ မူလလက်ရှိ စက်စက်ယိုချောင်း အုန်းတောရေလွှဲဆည်အထက် အလျားပေ (၁၀၀၀၀) သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေမှု အခြေအနေများ၊ အုန်းတောရေလွှဲဆည် အောက်ဘက် အလျားပေ (၁၂၀၀၀) သဲနုန်းသဲဖော်ခြင်းနှင့် ချောင်းလမ်းကြောင်းများ ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ဆဲ /ဆောင်ရွက်ပြီး အခြေအနေများနှင့် ရေသောက်မြောင်းငယ်များ ဆက်လက်လုပ်ဆောင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းအမြန်ပြီးစီးနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့မှတဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုခွကျေးရွာရှိ ရှင်အုန်းညိုစာကြည့်တိုက် ဖွင့်လှစ်ထားရှိမှု အခြေအနေကို ကြည့်ရှု့ခဲ့ပြီး တာဝန်ရှိများအား စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကာ ကျေးရွာစာကြည့်တိုက်မှူးက စာကြည့်တိုက်အတွက် လိုအပ်ချက်များ တင်ပြတောင်းခံမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်ဆည်းဆောင်ရွက် ပေခဲ့ပြီး စာကြည့်တိုက်အတွက် လူထုသိပ္ပံအတွဲ(၁၊၂၊၃) သုတ၊ ရသစာအုပ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)