ဖြူးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်း

ဖြူး ဇွန် ၂၉

ပဲခူတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးရှင်းလင်းခြင်းကို ရပ်ကွက်အလိုက်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီ အချိန်က မြို့နယ်ခန်းမတွင် ဖြူးအရှေ့ရပ်ကွက်ရှိ ပြည်သူများအားရှင်းလင်းအသိပညာပေးခဲ့ကြောင်းသိရသည်။

ထိုသို့ အသိပညာပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအချက်အလက်များ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ပုဒ်မ(၃)အရ ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်နိုင်သည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းရန် အသက်အရွယ်အပိုင်းအခြား၊ ကာလသတ်မှတ်ချက်၊ စစ်မှုထမ်းဆောင်ရမည့် တာဝန်မှယာယီ ရွေ့ဆိုင်းနိုင်သည့်အကြောင်းအရာများ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ရပ်ကွက်အလိုက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)