အုတ်တွင်းမြို့နယ်၌ Drum Seeder စနစ်ဖြင့် မိုးစပါးစိုက်ပျိုးမှုအား လက်တွေ့ကွင်းသရုပ်ပြသ

အုတ်တွင်း ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်အုတ်တွင်းမြို့နယ် စိုက်ပျိုးရေး/​မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ဦးဆောင်မှုဖြင့် ပေါက်တောကျေးရွာရှိ တောင်သူဒေါ်ခင်ငြိမ်း၏ ကွင်းအမှတ်(၃၃၉)၊ ဦးပိုင် အမှတ်()၊ လယ်ယာမြေ(၇) ဧကတွင် ယ​​မန်နေ့နံနက်ပိုင်းက Drum Seeder စနစ်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းအား လက်တွေ့ကွင်းသရုပ်ပြသ ဆောင်ရွက်ခဲ့သည်။

အဆိုပါ Drum Seeder စနစ်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း လက်တွေ့ကွင်းသရုပ်ပြခြင်းကို ပဲခူးတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်က စိုက်ပျိုးစနစ်မှန်ကန်ရေးနှင့် စပါးအထွက်နှုန်းတိုးတက်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)