မော်လမြိုင်ကျွန်း ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရေယာဥ်များအား ယမန်နေ့နံနက်(၁၁)နာရီအချိန်က တုံးလှဲချောင်းမြစ်အတွင်းရှိ ရေယာဥ်အမှတ် (ON- 7387A) ရေယာဥ်အမည် MV ဓနရွှေလမင်းရေယာဥ်သို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းစဥ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အတွင်းရေးမှူး ရဲမှုးမိုးစိန်၊ အဖွဲ့ဝင်(၃) ဦးစောဝဏ္ဏ၊ စားသုံးရေးရာဦးစီးဌာန ဦးစီးမှူး ဦးမင်းဇော်လတ်၊ မီးသတ်ဦးစီးဌာန ဦးအရာရှိ ဦးမျိုးဇော်နှင့် တာဝန်ရှိသူများက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်သို့ ထွက်ခွာမည်ဖြစ်သော MV ဓနရွှေလမင်း ရေယာဥ်တွင် မော်လမြိုင်ကျွန်းမြို့နယ် ဆန်စက်များမှ စူပါဆန်(၅၀၀၀)အိတ်၊ ရက်(၉၀)ဆန် (၈၀၀)အိတ်၊ ပေါ်ဆန်းဆန် (၇၀၀) အိတ်၊ ကောက်ညှင်းဆန် (၅၀၀)အိတ် စုစုပေါင်း(၇၀၀၀)တို့အား စနစ်တကျ တင်ဆောင်ထားရှိပြီး တရားမဝင်သောပစ္စည်းများ တင်ထားခြင်းရှိ/ မရှိ၊ ရေယာဥ်လိုင်စင်များ ဆောင်ထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို MV ဓနရွှေလမင်းရေယာဥ်မှ တာဝန်ခံအား မှာကြားခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ ဆက်)