နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ မခွာလယ်ကျေးရွာ၌ မက်မန်းချိုသီးများ စိုက်ပျိုး ဖြစ်ထွန်း

ထန်ပါခွေ  ဇူလိုင် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ မခွာလယ်ကျေးရွာတွင် မက်မန်းချိုသီးနှံစိုက်ပျိုးဖြစ်ထွန်းမှုကြောင့် မိသားစုအပိုဝင်ငွေများရရှိကြောင်း သိရသည်။

မခွာလယ်ကျေးရွာအတွင်း နေထိုင်ကြသောတောင်သူများသည် နှစ်ရှည်သီးနှံစိုက်ပျိုးရေး အဆင်ပြေသည့်အတွက် မက်မန်းချို၊လိ​မ္မော်သီး၊ ထောပတ်သီး၊ ပိုးဇာသီး၊ ပန်းသီး စသည့်သီးနှံများ စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

 "ယခုနှစ်တွင် မက်မန်းချိုသီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင် တစ်ဗူးလျှင် (ကျပ် ၁၀၀၀ မှ ၁၅၀၀ထိ)၊ ရရှိကာမိသားစုအပိုဝင်ငွေရရှိလို့ အဆင်ပြေပါတယ်"ဟု ထန်ပါခွေမြို့၊ မခွာလယ်ကျေးရွာနေ တောင်သူဦးပြူစီးထောင်ထံမှ သိရသည်။

အလန်(ထန်ပါခွေ)