ကျိုင်းတုံမြို့၌ နယ်ထိန်း(အခြားအဆင့်) (မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်လှစ်

ကျိုင်းတုံ ဇူလိုင် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် နယ်ထိန်း (အခြားအဆင့်) (မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက ကျိုင်းတုံမြို့၊  အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး အေးသိန်းက သင်တန်းကပို့ချသည့်ဘာသာရပ်များကို မြေပြင်မှာ အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်အောင်၊ ကျွမ်းကျင်ပိုင်နိုင်စွာ  အသုံးပြုနိုင်ရန်နှင့် ရဲလုပ်ငန်းတာဝန်များ ဆောင်ရွက်သည့်နေရာမှာ ပိုမိုအောင်မြင်အောင် ဂရုတစိုက် လိုက်နာသင်ယူသွားကြရန် အမှာစကားပြောကြားသည်။ သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ရဲတပ်ဖွဲ့ဝင် ၂၀ ဦး တက်ရောက်ပြီး နယ်ထိန်း(အခြားအဆင့်) (မွမ်းမံ)သင်တန်းကို ရက်သတ္တပတ်(၂) ပတ်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)